အလှကုန်ပစ္စည်းများနှင့်ကျန်းမာရေး
01-Mar-2017
ယခုအခါ ကမ္ဘာကြီးသည် ခေတ်မီတိုးတက်လာလျက်ရှိပြီး စက်မှုလက်မှုဖွံ့ဖြိုးလာသည်နှင့်အမျှ လူများစွာတို့သည် လုပ်ငန်းသုံး ဓာတုပစ္စည်းများနှင့် နေ့စဉ်ထိတွေ့နေကြရသည်။ အထူးသဖြင့် လူတို့ နေစဉ်တစ်ကိုယ်ရေ သန့်ရှင်းရေးအတွက် အသုံးပြုသောပစ္စည်းများနှင့် အလှကုန်ပစ္စည်များ သုံးစွဲခြင်းဖြင့်လည်း ဓာတုပစ္စည်းများနှင့် နေ့စဉ် ထိတွေ့နေကြရပေသည်။ လူသုံးကုန် အလှအပ ပစ္စည်းများ၊ အရေပြားအလှ ထိန်းသိမ်းမှုဆိုင်ရာ ပစ္စည်းများ၊ နေ့စဉ် တစ်ကိုယ်ရေသန့်ရှင်းရေးတွင် အသုံးပြုသောပစ္စည်းများ၊ အမျိုးသမီးများ အလှခြယ်သသော ပစ္စည်းများ ထုတ်လုပ်ဖြန့်ဖြူး၍ သုံးစွဲသူများလည်း ကမ္ဘာနှင့်အဝန်း များပြားနေပြီဖြစ်သည်။ ထုတ်လုပ်သူအနေဖြင့်လည်း မိမိ၏ရောင်းကုန်ပစ္စည်းကို သုံးစွဲနေသူများ ပိုမိစိတ်ဝင်စားမှုရှိစေရန်နှင့် မိမိတို့၏ရောင်းကုန် ပိုမိုကောင်းမွန်စေရန်အတွက် ဓာတုပစ္စည်းများ ထည့်သွင်းသုံးစွဲလာကြကြောင်း တွေ့ရှိရပေသည်။
အလှကုန်ပစ္စည်းများတွင် အများဆုံးအသုံးပြုသော ဓာတုပစ္စည်းများမှာ Phthalates ethylene dioxide, 1, 4 dioxane, formaldehyde, nitrosamines နှင့် Acryl amide တို့ဖြစ်သည်။ ၎င်းတို့အနက် ခဲ (Lead) ကို အရောင်လှပစေရန်နှင့် ကြာရှည်ခံရန် နှုတ်ခမ်းနီတောင့်များတွင် ထည့်သွင်းအသုံးပြုကြသည်။ ခေါင်းလျှော်ရည်များထဲတွင် 1,4 dioxane ကို ထည့်သွင်းအသုံးပြုလေ့ ရှိကြသည်။ ၎င်းပစ္စည်းများမှာ နေ့စဉ်အသုံးပြုသော ပစ္စည်းများဖြစ်သဖြင့် နေစဉ်ပမာဏ အနည်းငယ်စီ ဝင်ရုံမျှဖြင့်ပင် မကောင်းသော ဆိုးကျိုးများ ဖြစ်စေနိုင်ပေသည်။
၁။ ရေမွှေးနှင့် ကျန်းမာရေးအန္တရာယ်
ရေမွှေးတွင်ပါဝင်သော ပစ္စည်းအချို့မှာ အရေပြားအသားနုများ၊ အသက်ရှူလမ်းကြောင်းများတွင် ရောဂါဖြစ်ပွားခြင်း၊ မျိုးပွားခြင်းနှင့် အာရုံကြောများကို ထိခိုက်စေသော ဆိုးကျိုးများရှိကြောင်း တွေ့ရှိရသည်။ ရေမွှေးပြုလုပ်ရာတွင် အသုံးပြုသော (phenyl / methyl acetic acid ester and 2,6-bis (1,1 dimethylethyl)-4 methyl – phenol) ဓာတုပစ္စည်းများသည် ကင်ဆာရောဂါကို ဖြစ်စေနိုင်ပါသည်။
၂။ အလှကုန်ပစ္စည်းများနှင့် ကင်ဆာရောဂါ
အမေရိကန်နိုင်ငံတွင် နှစ်စဉ်လူပေါင်း ၃၈၀၀၀ ခန့်သည် အလှကုန်သုံးစွဲခြင်းဖြင့်ရရှိသော ဆိုးကျိုးများကို ခံစားနေရသည်။ ခေါင်းလျှော်ရည်၊ သွားတိုက်ဆေး၊ အရေပြား ထိန်းသိမ်းဆေး၊ ဆံပင်ပျော့ဆေး၊ မိတ်ကပ်၊ မျက်တောင်ကော့ဆေး၊လက်သည်းဆိုးဆေး၊ ရေမွှေးနှင့် အခြား အလှကုန်ပစ္စည်းများတွင် ပါဝင်သော ဓာတုပစ္စည်း၏အန္တရာယ်နှင့်နေ့စဉ်ရင်ဆိုင်နေရပေသည်။ ၎င်းပစ္စည်းများတွင် ပါဝင်သော ဓာတုပစ္စည်းများမှာ sodium Lauryl sulfate (SLS), Sodium Laureth sulfate (SLES), Propylene glycol, diethanolamine (DEA), cocamide DEA, Lauramide DEA, fluoride, alcohol, alpha hydroxyl acid, dioxinm formaldehyde, mineral oil, petrolatum, propane, talc တို့ဖြစ်ကြသည်။ ၎င်းဓာတုပစ္စည်းများသည် ကင်ဆာရောဂါ၊ မွေးရာပါချို့ယွင်းမှု၊ အာရုံကြောချို့တဲ့မှု၊ ပန်းနာရင်ကျပ်၊ အရေပြားနှင့် မျက်စိယားယံခြင်းများကိုဖြစ်စေသည်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ပါမောက္ခဒေါက်တာပိုင်စိုး
ကျန်းမာရေးပညာပေးဆောင်းပါးပေါင်းချုပ် စာအုပ်မှကောက်နုတ်ထားပါသည်။
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
